ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံ ပေးနိုင်ရေးဆောင်ရွက်

ရန်ကုန် မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့်  ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် အိန္ဒိယနိုင်ငံထုတ် Covidshield ကာကွယ် ဆေးများကို (၃၈) ရပ်ကွက်၊ မင်္ဂလာအေး ကျောင်းတိုက်၊ (၄၇) ရပ်ကွက် ဓမ္မာရုံတို့၌  ပထမအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရ သေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ယမန်နေ့  တွင် ပထမအကြိမ်ထိုးနှံသူ (၂၀၄) ဦးအားsinovac  ကာကွယ်ဆေးနှင့် တတိယအကြိမ် ထိုးနှံသူ (၅၂၉) တို့အား Covidshield ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)