မန္တလေး မတ် ၂၄
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်း ခြင်းခံရသည့်ပုဂ္ဂိုလ်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီမြို့တော် ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများ တက် ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် တိုင်းဒေသကြီး အတွင်းမှ ယနေ့ဂုဏ်ပြုချီးမြှင့်ခံရသူများသည် မိမိအသက်ခန္ဓာကိုယ်ကို ပဓာန မထားဘဲ ကြံ့ခံသည့်စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့်စွန့်စားနည်းမျိုးဖြင့် ထူးထူးချွန်ချွန် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များဖြစ်၍ တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ယခုရရှိခဲ့သည့် ဂုဏ်ထူး ဆောင်ဘွဲ့များသည် မိမိ၏တာဝန်ကို ရွတ်ရွတ်ချွန်ချွန်သယ်ပိုးထမ်းဆောင်နိုင်ခဲ့မှုအပေါ် နိုင်ငံတော်က မှတ်ကျောက်တင်ခြင်းခံရ သည့် သင်္ကေတအမှတ်အသားတစ်ခုဖြစ်သည့် ဂုဏ်ယူရမည့်မှတ်တမ်းတစ်ခု ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း ပြည်သူများ၏အကျိုးကို ဆထက်ထမ်းပိုးကြိုးပမ်းဆောင်ရွက်သွား ကြရန်တိုက် တွန်းပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ က ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိသူများအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့်အပ်နှင်းခံရသူ (၁၁၁)ဦး အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၂၂)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်