မိတ္ထီလာ မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ ဧကရာဇ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးက စိတ်ဓာတ်စည်းကမ်းအရင်းတည် ၊ သာယာသောလူ့ဘောင်သစ်ဆီ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မိတ္ထီလာခရိုင် အားကစား နှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်က အားကစား ပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်းရေး ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြော ခဲ့ကြသည်။ ယင်းနောက် မိတ္ထီလာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခြင်းလုံးအလှခတ် သရုပ်ပြသခြင်းနှင့် Myanmar Fitness Dance တို့ဖြင့် ဖျော်ဖြေခဲ့ကြပြီး လက်ထောက် ညွှန်ကြား ရေးမှူး ဦးကျော်စိုးနိုင်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မိတ္ထီလာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်၊ ဆရာဆရာမ များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)