နောင်ချို မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းမှစ၍ ကြက်ခြေနီ တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ယာဉ်ကြီးကြပ်မှု ကော်မတီတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် အကြောင့်အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသည့် အသက်အသက်(၁၂)နှစ် အထက်ပြည်သူများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါခံစားရသူများ၊ ၂၀၂၁ ဒီဇင်ဘာလအတွင်း နှင့်၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီး ဒုတိယအကြိမ် ထိုးနှံ ရန်ကျန်ရှိသူများ ဒုတိယအကြိမ်ကာကွယ်ဆေးကိုလည်းကောင်း၊ မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလများတွင် Covid Shield (၂)ကြိမ် ထိုးနှံခဲ့ပြီးသည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (တတိယအကြိမ်)ကို လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သက်ဆိုင်ရာစုရပ်များတွင် လာရောက်ထိုးနှံနိုင်ကြရန်၊ စားသောက်ဆိုင်၊ အရောင်းဆိုင်၊ ဝပ်ရှော့ စသည့်လုပ်ငန်းများနှင့် မြို့နယ်အတွင်း သွားလာနေသူများ အားကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထွေးငယ် (ပြန်/ဆက်)