မိုင်းရှူး မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် ရေးရာအသိပညာပေးဟော ပြောပွဲကို ယနေ့နံနက်၁၁ နာရီ ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက ကျောင်းသားနှင့် ယနေ့လူငယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးလေးယု ကအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနဝန်ထမ်းများက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို နံရံကပ် စာစောင်၊ဓာတ်ပုံ ပြပွဲများကို ကျောင်းသား/သူများမှ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယင်းသို့ အသိပညာပေးဟော ပြောပွဲဆောင်ရွက်ခြင်းအားဖြင့် လူငယ်များဘက် စုံဖွံ့ဖြိုး တိုးတက်စေရန်၊ ကလေးငယ်များ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ် စာပေများအား လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်