ကွတ်ခိုင်မြို့နယ် မြန်မာ့စီးပွားဘဏ်မှ အငြိမ်းစားပင်စင်လစာများ ထုတ်ပေး

ကွတ်ခိုင်  မတ်  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မတ်လအတွက် အငြိမ်းစားပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ မတ်လ(၂၁)ရက်မှစ၍ နေ့စဉ်နံနက်()နာရီအချိန် က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ပင်စင်စားဦးရေ (၉၀၂)ဦးရှိပြီး ပင်စင်လစာငွေများကို ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ဌေးဌေး(ကွတ်ခိုင်)