လသာမြို့နယ် ရပ်ကွက်ကော်မရှင်ရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ

လသာ ဩဂုတ် ၃၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ရပ်ကွက်ကော်မရှင်ရုံးများတွင် တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော်၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင် ကပ်ထား ကြေညာကြောင်း သိရှိရပါသည်။

လသာမြို့နယ်၊ ရပ်ကွက်ကော်မရှင်ရုံးများတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ လသာ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်() အမှတ်()တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ(၃၀)ရက်နေ့မှ စတင်ကြေညာပေး ထားမည်ဖြစ်ပြီး အဆိုပါ ကိုယ်စားလှယ်လောင်းများ သည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြ မည် ဖြစ်ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သတင်းရရှိပါသည်။

မေသူ (ပြန်/ဆက်)