ဖယ်ခုံ သြဂုတ် ၃၁
၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကို ယမန်နေ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ထပ်ဆင့်ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ လွှတ်တော်အသီးသီး၏ ကိုယ်စာလှယ်လောင်းအမည်စာရင်းများ ထုတ်ပြန်ကြေညာ ရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်များ၊ တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ထပ်ဆင့်ထုတ်ပြန် ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး များ၌ ထပ်ဆင့်ထုတ်ပြန် ကြေညာလျက်ရှိကြောင်း သိရသည်။
ကိုထွေး(ဖယ်ခုံ)