မိုင်းနောင်မြို့တွင် ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်များရယူ

မိုင်းနောင် သြဂုတ် ၃၁

မိုင်းနောင်မြို့အတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန် ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိုင်းနောင်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့က တရုတ်ပြည်မှ ပြန်လည်ရောက်ရှိနေသူ အမှတ်(၃)ရပ်ကွက်ရှိ အမျိုးသား (၃)ဦး၊ လုံယန်းကျေးရွာ အုပ်စုမှ အမျိုးသား (၁)ဦး၊ ဝမ်စိမ်းကျေးရွာ အုပ်စုမှ အမျိုးသား (၁)ဦး၊ စုစုပေါင်း (၅)ဦးတို့၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့၏ နမူနာများကိုရယူ၍ လိုအပ်သည်များ ဆောင်ရွက်ကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန ရန်ကုန်သို့ဆက်လက်ပေးပို့ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ထူးခြားမှုတစ်စုံတစ်ရာရှိပါက သတင်းများ အချိန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

(မိုင်းနောင် ပြန်/ဆက်)