သံဖြူဇရပ် မတ် ၂၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကပ္ပလီပင်လယ် ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက သံဖြူဇရပ်မြို့နယ် အမှတ်(၂) ကြာကန်စျေးသို့ သွားရောက်နှိုး ဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်း သတိပေး ချက်ရလျင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန် အချက် များ၊ ရှောင်ရှားရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက် လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များအား Hand Spaker ဖြင့် လှည့်လည် ကြေညာခဲ့ပြီး မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အေးအေးမွန်