သီပေါမြို့နယ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေညာ

 

သီပေါ သြဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည် စာရင်း တင်သွင်း ထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၆)ဦး၏ အမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ထုတ်ပြန်ကြေညာရာတွင် သီပေါမြို့နယ် အနေဖြင့်   ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) အတွက် ကိုယ်စား လှယ် လောင်း(၅)ဦး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) အတွက် ကိုယ်စား လှယ်လောင်း (၅)ဦးနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)အတွက် ကိုယ်စား လှယ်လောင်း (၁)ဦး စုစုပေါင်း  လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၆)ဦးတို့၏ အမည်စာရင်း ကြေညာချက်များအား သီပေါ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး နှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်လည်း ယနေ့နံနက်မှစ၍  ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)