သုတမင်္ဂလာစာကြည့်တိုက်သို့ အလှူငွေများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

ဇမ္ဗူသီရိ မတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိ ရပ်ကွက်၊ သုတမင်္ဂလာ စာကြည့်တိုက်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလှူငွေများနှင့် စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲတွင် ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင် ဦးကျော်အောင်က စာကြည့်တိုက် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်  အလှူငွေကျပ် (၅၀၀၀၀) ကျပ် ငါးသောင်းကို ပေးအပ် လှူဒါန်းရာ  စာကြည့်တိုက် ကော်မတီအဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးတို့က စာအုပ်စာစောင်များကို ဆက်လက်လှူဒါန်းရာ စာကြည့်တိုက် ကော်မတီ အဖွဲ့ဝင်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)