ဟိုပန်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ​ပေးသွားမည်ဖြစ်

ဟိုပန် မတ် ၂၃

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးညီနပ်၏ လမ်းညွှန်မှုအရ အများပြည်သူများ ပျော်ရွွင် ချမ်းမြေ့စေရန် ရည်ရွယ်၍   မတ်လ ၂၄ ရက်နေ့၊ နံနက် ၉ နာရီ အချိန်မှစတင်ကာ ဟိုပန်မြို့နယ် အားကစားကွင်း၌ တပ်မတော်နေ့ အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲများအား  ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျင်းပပြုလုပ်ပေးမည့် ပြိုင်ပွဲများသည် လွန်ဆွဲအားကစားပြိုင်ပွဲ  (အမျိုးသားပွဲစဉ်၊ အမျိုးသမီး ပွဲစဉ်)၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ (အမျိုးသားပွဲစဉ်(၁၀)ပွဲ၊ အမျိုးသမီးပွဲစဉ်(၁၀)ပွဲ)၊ အပ်နဖားထိုးပြိုင်ပွဲတွင် ပွဲစဉ်(၅)ပွဲ၊ စကောရွက်ပြိုင်ပွဲတွင် ပွဲစဉ်(၅)ပွဲနှင့် မုန့်စား ပြိုင်ပွဲတွင် ပွဲစဉ်(၅)ပွဲ အစရှိသည့် အားကစားပြိုင်ပွဲ (၅) မျိုးတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် အများပြည်သူများကို  "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆုငွေ များ ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း ဟိုပန်မြို့ ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်