ပေါက်တော မတ်၂၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ (၂၀၂၁-၂၀၂၂)ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသားကျောင်းသူ(၂၁၇၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်း၌ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပေါက်တောမြို့နယ်၌ ကျောင်းတွင်းမှဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၉၈၇)ဦး၊ အလွတ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၁၉၁)ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၂၁၇၈)ဦးတို့သည့် သက်ဆိုင်ရာဘာသာတွဲအလိုက် စာစစ် ဌာန(၇)ခုတို့၌ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။ ပေါက်တော မြို့နယ်တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် အ.ထ.က-ပေါက်တောစာစစ်ဌာန၊ အ.ထ.က-မြို့မ စာစစ် ဌာန၊ အ.ထက-သဝင်ချောင်းစာစစ်ဌာန၊ အ.ထ.က-လက်ပံပြားစာစစ်ဌာန၊ အ.ထ.က-ဆင်တက်မော်စာစစ်ဌာန၊ အ.ထ.က-ကျောက်တောင်စာစစ်ဌာန၊ အ.ထ.က-မြင့်ဂါစာစစ်ဌာန တို့တွင် စိတ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)