တောင်သာ မတ် ၂၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် ခန်းမ၌ အပတ်စဉ်အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာရေဆရာ ကျော်ကျော်လှိုင် တန်ဖိုးရှိသောနေ့စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်မြင့်ကေခိုင်က စာပေဖတ်ရှုခြင်း၏ အကျိုး ကျေးဇူးနှင့် စာပေဖတ်ရှု သည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က တန်ဖိုးရှိသောနေ့၊ ဓာတ်ပုံကျွမ်းကျင် (၂) ဦးကျော်မျိုးနိုင်က အောင်မြင်ရေးစိတ်ဓါတ်မွေးမြူပါ၊ စာထောက်(၃) ဒေါ်သိမ့်သိမ့်အေးက အရေးကြီးတာကိုသိမှ ဦးစားပေးအစီအစဉ်တွေမှန်မည်၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်ဌေးဌေးဝင်းက စဉ်စားတာ တွေမှန်နေဖို့၊ အငယ်တန်းစားရေး ဒေါ်တင်မိုးခိုင်က သူတစ်ပါးကိုအမြဲကူညီပါ စသည့် စာရေးဆရာ ကျော်ကျော်လှိုင် တန်ဖိုးရှိသော နေ့ရေးသားသည့် စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန်ရှင်းလင်း ဆွေးနွေးကြကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)