ပုဏ္ဏားကျွန်းမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ပုဏ္ဏားကျွန်း မတ် ၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက Talk Show ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်စင်သိန်းက  ပတ်ဝန်းကျင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊   ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးဆောင်ရွက်ရန် အဓိကလိုအပ်ချက်များ၊ မြို့ရွာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အခြေခံလိုအပ်ချက်များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)