မရမ်းကုန်း မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့နံနက် ၁၁း၀၀ နာရီအချိန်က (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တပ်မတော်နေ့နှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်များဖြစ်သည့် ဆောင်းပါးပေါင်းချုပ်၊ ဝတ္ထု၊ မဂ္ဂဇင်းအစရှိသည့် စာအုပ်များကို ခင်းကျင်းပြသခဲ့ရာ စာပေချစ်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြပြီး စာရေးဆရာမြေလတ်ထင်ကျော်မိုးက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ သုတ၊ ရသ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယဦးစီးမှူးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)