မအီ မတ် ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏အခြေအနေကို မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ယနေ့နံနက်(၇)နာရီထုတ်ပြန်ချက်များကို ပြည်သူများသိရှိပြီး ကြိုတင်ပြင်ဆင် စေနိုင်ရေးတို့အတွက် မအီမြို့၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ယနေ့နံနက်ပိုင်း ကအသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ခဲ့ရာတွင် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက်၊ ရေမိုင်(၅၀)မိုင်ခန့်၊ ဟိုင်ကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၅)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၂၅)မိုင်ခန့်၊ ဂွမြို့၏ တောင်- အနောက် တောင်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၇၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့မြောက်ဘက်ရေမိုင်(၂၀၀)မိုင်ခန့်နှင့် မာယာဘန်ဒါမြို့(Mayabundar)၏ မြောက်အရှေ့မြောက်ဘက် ရေမိုင်(၁၂၅)မိုင်ခန့်အကွာတွင် ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ ဒေသ ကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း၊ မြန်မာ့ပင်လယ်ပြင် မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေ ပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၄၅)မိုင်အထိတိုက်ခတ်နိုင်ကြောင်း စသည့်ပြည်သူများ သိထားသင့်သည့်အချက်များကို ပြည်သူများသိရှိထားပြီး ကာကွယ်ကယ်ဆယ်ရေး လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန် မအီမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ အသံချဲ့စက် ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်