သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်နိုင်ရေးအတွက် တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိ

သင်္ဃန်းကျွန်း မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့် တပြေး ညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်/စက်များ အသင့်စုဖွဲ့ထားရှိမှုကို ယနေ့နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးသီဟဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များက သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်များတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ ရှင်းလင်းရေးလုပ်ငန်းများ၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီရေးလုပ်ငန်းများကို  သက်ဆိုင် ရာဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ ပရဟိတအဖွဲ့ဝင်များဖြင့် နေ့ညအချိန်မရွေး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး