လှိုင် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရန်အတွက် ရပ်ကွက်များအရောက် ယနေ့နံနက်(၉:၀၀)နာရီ အချိန်က သွားရောက်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် လှိုင်မြို့နယ်(၁၆)ရပ်ကွက်၊ ပါသာဋိကာရုံကျောင်းတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid Shield) ပထမအကြိမ်ထိုးနှံသူစုစုပေါင်း(၄၂၄)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၂၇)ဦးရှိကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ရာနှုန်းပြည့် ဆေးထိုးနှံရေး ရပ်ကွက်များ အရောက် သွားရောက်ထိုးနှံပေးလျက်ရှိသည်။
လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင်