လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဘက်စုံသုံး ဆပ်ပြာဆီ နှင့်ဆပ်ပြာခဲ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

လှိုင် မတ် ၂၂

 ပြည်သူများ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်ရန်၊ မိသားစုအတွက် ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ဘက်စုံသုံးသုံးဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းကို ယနေ့  နံနက် (၁၁:၀၀)နာရီ အချိန်က လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင်  ဆပ်ပြာဆီနှင့်ဆပ်ပြာခဲပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းတစ်ခုချင်း၏ အမည်နှင့် အသုံးပြုပုံများအား စာတွေ့ ရှင်းလင်းပြောကြားခြင်းနှင့် ဆပ်ပြာဆီနှင့် ဆပ်ပြာခဲ အဆင့်ဆင့်ပြုလုပ်ပုံအား လက်တွေ့သင်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။  ထို့နောက် သင်တန်းသားများမှ သင်ယူတတ်မြောက်မှုအား  လက်တွေ့ဆပ်ပြာဆီနှင့် ဆပ်ပြာခဲ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါသင်တန်းသို့ စိတ်ပါဝင်စားသူ သင်တန်းသား (၁၂)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။.

 ကျော်ရဲအောင်