ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း လှည့်လည်ကြေညာပေးလျက်ရှိ

ရန်ကင်း သြဂုတ် ၃၁

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာ ပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ညစဉ်လှည့်လည်ကြေညာပေးခြင်းများကို မြို့နယ် အုပ်ချုပ်ရေးမှူး ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ကြေညာရာတွင် ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ပြင်ပထွက်ခွာရာတွင် Mask များ တပ်ဆင်သွားလာကြရန်၊ မိမိတို့လက်များအား မကြာခဏဆေးကြောကြရန်၊ စျေးများနှင့် စားသောက်ဆိုင် များအားလုံး ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြ ရန်၊ ပြည်ပမှဝင်ရောက်လာသူများနှင့် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာ သူများ ရှိပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြ ရန်နှင့် ဒေသန္တရအမိန့်များကို မလိုက်နာပါက တည်ဆဲဥပဒေများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း Hand Speaker များဖြင့် ပြည်သူ များ သိရှိနိုင်သည့် ညအချိန်တွင် ကြေညာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)