ဒဂုံတောင် သြဂုတ် ၃၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပျံကျစျေးများတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေး အစီအစဉ်ဖြင့် စျေးများတွင် ရောင်းချနေမှုအခြေအနေများအား ယမန်နေ့ညနေ(၅:၀၀)နာရီအချိန်က လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပျံကျစျေးဆိုင်များသို့ လာရောက်ဝယ်ယူကြသည့် စားသုံးသူများအနေဖြင့်လည်း နှာခေါင်းစည်း(mask)များ တပ်ဆင်လာစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယာဉ်အန္တာရာယ်၊ လမ်းအန္တာရာယ် ကင်းရှင်းစေရန်အတွက်လည်း ပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပျံကျစျေးများတွင် ရောင်းချနေမှု အခြေအနေများအား COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး အစီအစဉ်ဖြင့် လိုက်လံ စစ်ဆေးရာတွင် မြို့နယ် COVID-19 ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း ကူညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)