မြောက်ဥက္ကလာပမြို့နယ်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကပ်ထားကြေညာ

မြောက်ဥက္ကလာပ သြဂုတ် ၃၁     

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်(၁၉) ရပ်ကွက်ရှိ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လ(၈)ရက် နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း ကြေညာ ထားရှိမှုကို ယမန်နေ့ နံနက် ပိုင်းကစ၍ ကပ်ထားကြေညာခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် ပါတီ(၆)ခု၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက်  ပါတီ (၇)ခု၊ တိုင်း​ဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)အတွက်ပါတီ(၈)ခု၊ တိုင်း​ဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွက်  ပါတီ (၇)ခု၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ် ကရင်တိုင်းရင်းသားလူမျိုး အတွက် ပါတီ(၇)ခု၊ ရခိုင် တိုင်းရင်း သား လူမျိုးအတွက် ပါတီ (၆)ခုတို့ မှ အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင် မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့ဆန္ဒမဲပေးရာတွင် အချိန်နှင့် တစ်ပြေး ညီ သိရှိနိုင်ရေးအတွက်  ကြေညာထားရှိမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြေပြင် ကွင်းဆင်းခဲ့ ကြောင်း သိရှိရ သည်။  ပထမ အကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအရ မြောက်ဥက္ကလာပမြို့နယ်တွင် မဲဆန္ဒရှင် စုစုပေါင်း(၂၅၀၁၂၃)ဦးဖြစ်ကြောင်း  မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။         

မြမြဝင်း(ပြန်/ဆက်)