ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုင်းတုံ မတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင်  ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငိုင်းတမ်က  အားကစားနှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဆာယာလှမြင့်က စိတ်ဓာတ်၊ စည်းကမ်း၊ ပညာခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)