ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ဘူးသီးတောင်  မတ် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲစေရေး အသိပညာပေး(Talk Show)ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၂)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေး အောင်က ပြည်သူများ အသိပညာဗဟုသုတရရှိဖို့ ရည်ရွယ်ပြီး နည်းပညာခေတ်တွင် ပြည်သူများ Online အသုံးပြုသူများပြားလာတဲ့အတွက် အနယ်နယ်အရပ်ရပ်ရှိမှာရှိတဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးများမှ We Love Pageများနှင့် ပြည်သူ့စာကြည့်တိုက်Pageများ ဖွင့်လှစ်၍ Online မှနေပြီး အသိပညာပေး အစီအစဉ် များ တင်ဆက်ပေးနေမှုအခြေအနေများ ပြောကြားပြီး မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ခင်မှ ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာနိုင်မည့်နည်းလမ်းများ၊ လျှပ်စစ်အန္တရာယ် ဂရုပြုဖွယ်၊ LEDမီးသုံးစွဲကြရန်ကမ္ဘာ့နိုင်ငံများတွင် လျှပ်စစ်ဓာတ်ငွေ့နှင့် စွမ်းအင် ဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် ရေအားမှလျှပ်စစ်ဓာတ်ကို ပိုမိုထုတ်ယူ သုံးစွဲလာရခြင်းတို့ကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အားနှင့်ရေကို ခြိုးခြံချွေတာ သုံးစွဲကြပါရန် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့်နည်းလမ်းများ၊ လျှပ်စစ်၏ အန္တရာယ်၊ လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက် များအား ပြည့်စုံစွာ  အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ဘူးသီးတောင်မြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် အသိပညာ ပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ပြုလုပ်ပြသပေးခြင်း၊ သုတ၊ ရသ စာအုပ်များ မိတ်ဆက်ခြင်းတို့အပြင် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးလာစေရန် ကဗျာရွတ်ပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် ဆေးရောင်ခြယ် ပြိုင်ပွံများ ကျင်းပပေးခြင်းစသည့် အစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ 

လှကျော်(ပြန်/ဆက်)