မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ သွားရောက် ငှားရမ်းပေး

မိုးနဲ မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ် တိုင်းရင်းဆေး၊ မြို့နယ် ရဲစခန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ဌာနဆိုင်ရာသီးသီးရှိ ဝန်ထမ်းများ အနေဖြင့် အားလက်သောအချိန်ကို စာအုပ် စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှု လေ့လာမှုများ ပိုမိုတွင်ကျယ်လာစေရန်နှင့် အသိပညာ ဗဟုသုတ ပိုမိုတိုးပွား လာစေရန် ရည်ရွယ်၍ သုတ၊ ရသ မဂ္ဂဇင်း၊ ဝတ္တုနှင့် ရုပ်ပြ စာအုပ်များကို သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဇင်ကိုကို