ပေါက်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ် အ‌ခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို‌ ဆက်လက်ဖြေဆို

ပေါက်တော   မတ် ၁၈

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၁၇၀) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၄)ကျောင်း အပါအဝင် အဋ္ဌမတန်း (Grade-9) စာစစ်ဌာန (၇၆)ခုတို့တွင်၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်  အခြေခံပညာ မူလတန်း သင်ရိုးသစ် Grade-4 တန်းမှ အလယ်တန်းအဆင့် အထက်တန်း Grade-10 ထိ နှစ်ဆုံး စာမေးပွဲကို ဆက်လက်စစ်ဆေးလျက်ရှိသည်။

ယင်းနှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်းမူလတန်း သင်ရိုးသစ် Grade-4 နှင့် အလယ်တန်း အဆင့်ကို မတ်လ (၁၇)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့ထိ တစ်နေ့လျှင် နှစ်ဘာသာ စစ်ဆေးပြီး၊ အထက်တန်း အဆင့် Grade-9 နှင့် Grade-10 များကိုလည်း မတ်လ (၁၇)ရက်နေ့မှ မတ်လ(၂၃)ရက်နေ့ထိ တစ်နေ့လျှင် နှစ်ဘာသာစီစစ်ဆေးသွားမည် ဖြစ်သည်။ နှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်းကို မြို့နယ်ပညာရေးမှူးကြီးကြပ်မှုဖြင့် ဆရာ/ ဆရာမများက တာဝန်ကျရာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ စိတ်ချမ်း သာစွာ အဆင်ပြေဖြေဆိုနိုင်‌ရန် စနစ်တကျကြီးကြပ်ပေးကြ၍ ယနေ့ထိ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်