လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

လမ်းမတော် မတ်   ၁၈

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်  လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေး မထိုးနှံ ရသေးသူ  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က  အ.လ.က(၁)ကျောင်း မြမာလာခန်းမ၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော  အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမ အကြိမ်အဖြစ် ဆေးထိုးနှံသူ(၅၃)ဦး၊ ဒုတိယအကြိမ်အဖြစ်ဆေးထိုးနှံသူ (၂၀)ဦး၊ Booster Dose Sinopharm (၁၃)ဦး Covishield ထိုးနှံသူ (၅၁)ဦး၊ စုစုပေါင်း (၁၃၇)  ဉီးအား ကိုယ်အပူချိန် တိုင်း တာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊   QR Code စနစ်ပါဝင်သည့် မှတ်တမ်း စာရွက်များပြုလုပ်နိုင်ရေး စာရင်းရေးသွင်းခြင်းနှင့်   QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအား ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။

လမ်းမတော်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်