သံဖြူဇရပ်မြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၁၀၀၃၈) ဦး အတန်းတင် စာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို

သံဖြူဇရပ် မတ် ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၁၀၀၃၈) ဦးတို့က ယမန်နေ့နံနက်ပိုင်းမှစတင်၍ နှစ်ဆုံးစာမေးပွဲများကို ဖြေဆိုလျက်ရှိရာ ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းအဆင့်(အဌမတန်း) Great-9 နှစ်ဆုံး စာမေးပွဲအား သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၁၀) ကျောင်း၊ အထက်တန်း-ခွဲ(၄)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်း-ခွဲ(၁၁)ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း (၃၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၁၀၀၃၈) ဦးတို့မှ နှစ်ဆုံးစားမေးပွဲကို အေးချမ်းစွာဒုတိယနေ့ကို ဆက်လက် ဖြေဆိုလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အေးအေးမွန်(ပြန်ဆက်)