ကွမ်းခြံကုန်း မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ Brac Branch office ltd နှင့် Mji Microfinance Yanmar အသေးစားငွေစုဝန်ဆောင်မှု လုပ်ငန်းမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူး ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်စခန်းဦးစီးမှူး ဦးမြတ်သူထိုက်နှင့် တပ်ဖွဲ့ဝင်များက ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ Brac Branch office ltd နှင့် Mji Microfinance Yanmar အသေးစား ငွေစုဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများအား မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူး ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ပစ္စည်းကိရိယာများ ထားရှိမှု၊ အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်မည့် မီးသတ်ပစ္စည်း ကြံ့ခိုင်မှု ရှိ/မရှိနှင့် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးများ စစ်ဆေးဆောင်ရွက်ခြင်းဖြင့် လိုအပ်ချက်ကို အကြံပြုဆောင်ရွက်ပေးခြင်းဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း မီးသတ်စခန်းဦးစီးမှူး ဦးမြတ်သူထိုက်ထံမှ သိရသည်။
ဆွေနွယ်