(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ချောင်းဆုံမြို့နယ်တွင် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ချောင်းဆုံ မတ် ၁၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးဆောင်ရွက်ခဲ့သည့်  ချောင်းဆုံ အနောက်ရပ်ကွက်၊ မြို့ပတ်လမ်းအမှတ် (၂)  ကွန်ကရစ်လမ်းသစ်ကို  ယနေ့ နံနက်၉နာရီက (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အနေဖြင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအုန်းသန့်က မြို့ပတ် လမ်းအမှတ် (၂)  ကွန်ကရစ်လမ်း ခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံများ ကိုယ်စား ချောင်းဆုံအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိသူများက လမ်းသစ်အား ကြည့်ရှု စစ်ဆေးခဲ့သည်။

မြို့ပတ်လမ်း အမှတ်(၂) ကို လမ်းအရှည် (၁၆၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မ အတိုင်းအတာ ကွန်ကရစ်လမ်းအား (၃၇.၃၃) သန်းဖြင့်  ကြယ်စင်ထွန်းကုမ္ပဏီမှ တင်ဒါယူ ဆောင်ရွက်ခဲ့ကြောင်း  ၂၀၂၁ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ လမ်း၊ တံတား၊ ရေပေးဝေရေးနှင့် အခြားလုပ်ငန်းပေါင်း (၅၅) ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)