ဂွမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲဖြေဆို

ဂွ မတ် ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲကို မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၊ ပြင်ပမှဖြေဆိုသူများအပါအဝင် စာရင်းရှိကျောင်းသား(၂၇၆)ဦးနှင့် ကျောင်းသူ (၂၈၂)ဦးရှိသည့်အနက် ဖြေဆိုသူ ကျောင်းသား(၂၅၁)ဦးနှင့် ကျောင်းသူ (၂၇၆)ဦးတို့ ဝင်ရောက် ဖြေဆိုကြရာ ပျက်ကွက်သူ ကျောင်းသား(၂၅)ဦးနှင့် ကျောင်းသူ (၆)ဦးရှိကြောင်း၊ သက်ဆိုင်ရာ စာစစ်ဌာနအလိုက် စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ကျဆရာ၊ ဆရာမများက ကြီးကြပ်စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်