ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများ အေးချမ်းစွာဖြေဆို

ကျောက်ပန်းတောင်း မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများ  မြို့နယ်ပညာရေးမှူး  ဒေါ်မော်မော်နှင့် လက်ထောက်ပညာရေးမှူးများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်၊ မတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီမှစတင်၍  အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၇၇)ကျောင်းတွင် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများ အေးချမ်းစွာဖြေဆိုလျက်ရှိကြပြီး၊ မူလတန်းဆင့်တွင် စာရင်းရှိကျား (၅၈၈၄)ဦး၊ မ(၅၇၇၅)ဦးရှိသည့်အနက် ကျား(၅၇၀၅)ဦး၊ မ(၅၆၆၄) စုစုပေါင်း (၁၁၆၅၉)ဦး ဖြေဆိုလျက်ရှိပြီး၊ အလယ်တန်းအဆင့်တွင်စာရင်းရှိ ကျား(၂၈၉၉)ဦး၊ မ(၂၉၉၁) စုစုပေါင်း (၅၈၉၀)ဦးရှိသည့်အနက် ကျား(၂၇၆၉)ဦး၊ မ(၂၈၆၅)ဦးဖြေဆိုလျှက်ရှိကြောင်းနှင့် အထက်တန်းအဆင့်တွင် စာရင်းရှိကျား(၆၈၄)ဦး၊ မ(၉၂၉)ဦး စုစုပေါင်း(၁၅၇၇)ဦးရှိသည့်အနက် ကျား(၅၅၃)ဦး၊ မ(၈၄၈)ဦး စုစုပေါင်း (၁၄၀၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade-4  နှစ်ဆုံးစစ်ဆေးခြင်း(Year End Test)နှင့် အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်နေ့လျှင်(၂)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်စာ စစ်ဆေး၍ အလယ်တန်းပြီးမြောက်မှုစာမေးပွဲ (Grade-9)နှင့် အထက်တန်းဆင့် စာမေးပွဲများကို မတ်လ(၁၇)ရက် နေ့မှ မတ်လ (၂၁)ရက်နေ့အထိ တစ်နေ့လျှင်(၂)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင်(၂)နာရီကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေအောင်(ပြန်/ဆက်)