ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ ဒေါက်တာကျော်စိန်၏ “လူငယ်လမ်း ညွှန်” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အသင်းဝင်များဖြစ်သည့် ဒေါ်သင်းသင်းဆွေက “လူငယ်ဟူသည်”၊ မမေသော်တာထွန်းက “ကိုယ်ကျန်းမာ ရေး”နှင့် မောင်နန္ဒကျော်က “စိတ်ကျန်းမာရေး”စသည့် ဒေါက်တာကျော်စိန်ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)