(၇၇)နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

သပိတ်ကျင်း မတ်  ၁၈        

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို မတ်လ(၁၈) ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/သူကလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော တပ်မတော်နေ့ သမိုင်းစာအုပ်များ၊ သုတ/ရသစာအုပ်များ၊ ကာတွန်းစာအုပ်များ၊ ကဗျာစာအုပ် များအား စိတ်ဝင်တစားကြည့်ရှုလေ့လာကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကလေးများသိရှိလိုသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းသား/သူ (၁၅)ဦးမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူ ကျောင်းသား/သူလေးများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများမှ ဆုများဆက်လက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)