မိုင်းဆတ် မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မတ်လနှင့်ဧပြီလ အတွင်းကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနမှ ကျောင်းသား/ကျောင်းသူ(၃၂၀)ဉီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား(၄၈)ဉီး၊ ကျောင်းသူ(၇၇)ဉီး၊ အ.ထ.က(မိုင်းခုတ်)မှ ကျောင်းသား(၄)ဉီး၊ ကျောင်းသူ(၅) ဉီး၊ အ.ထ.က(ခွဲ)(လ-၁)မှ ကျောင်းသား(၁၂)ဉီး၊ ကျောင်းသူ (၇)ဉီး၊ အ.ထ.က(ခွဲ)(လ-၂)မှ ကျောင်းသား (၁၀)ဉီးနှင့် ကျောင်းသူ(၉)ဉီး စုစုပေါင်း(၃၂၀)ဉီး တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မောင်