လှိုင်မြို့နယ်တွင် မဲဆန္ဒရှင် ပြည်သူ များအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသူများအားကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေး

လှိုင်    ဩဂုတ်    ၃၁

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပ ပြုလုပ်မည့်အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူ များအား အဆင်ပြေစွာ မဲပေးနိုင် ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများအား အမှတ် (၁၄) ရပ်ကွက်အမှတ်(၁)စစ်​ကြော​ရေးနှင့်တည်းခို​ရေးစခန်းတွင် ယမန်နေ့၊ နံနက်ပိုင်းကနိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့် နှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် အထွေထွေ ရွေး ကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်၍ မဲစာရင်း တွင် ပါရှိပြီး နိုင်ငံ သားစိစစ်ရေးကတ်ပြားမရှိသူများ၊ ကွက်လပ်ဖြစ်နေသူများအား နိုင်ငံ သားစိစစ်ရေးကတ်ပြားများကွင်း ဆင်း ဆောင်ရွက် ပေးခြင်းဖြစ် ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြားမရှိဘဲကွက်လပ်ဖြစ်နေသူများ အား နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်များ ပြန်လည် ဖြည့်သွင်း​​ပေး ခြင်း၊ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသား စိစစ်ရေး ကတ် ပြားများထုတ်ပေးခြင်းဖြစ်ကြောင်း ၊ ယခုစစ်​​ကြော​ရေးစခန်းတွင် နိုင်ငံသားကတ်စုစု​ပေါင်း (၄၁) ခုအား လူဝင်မှူကြီးကြပ်​ရေးမှူး ဦးသိန်းညွန့် နှင့်ဝန်ထမ်း (၄) ဦးအပါအဝင် ရပ် ကွက်အုပ်ချုပ်​ရေးမှူးနှင့်အဖွဲ့များပူး​ပေါင်းပြီး သစ္စာစီမံချက်အ​နေဖြင့်​ ဆောင်ရွက်​ပေးခဲ့​ကြောင်း ကျန်ရှိနေသော ရပ်ကွက်များသို့လည်း ဆက်လက် ကွင်းဆင်းစစ်​ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလှိုင်မြို့နယ် ဦးစီးမှူး ဦးစိုင်း​အောင်လှထံမှ သိရှိရပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)