မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်ထားရှိမည်

မော်လမြိုင် ဩဂုတ် ၃၁          

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန် ကျား(၅၃)ဦး၊ မ(၂၉)ဦး စုစုပေါင်း(၁၀၄)ဦးရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍အဖျားတိုင်းခြင်း ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရှိရသည်။

ထိုသို့ Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို CBFQ ကွပ်ကဲရေးစခန်းမှ တာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဘိုဘိုဝင်း(Rescue) အရေးပေါ်ကယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး စာရင်းသွင်းခြင်း ၎င်းတို့တည်းခိုမည့် အဆောင်များသို့ပိုဆောင်ပေးခြင်း၊ စားရေးသောက်ရေး စီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

Quarantine ဝင်ရောက်လာသောသူများကို အသွားအလာကန့်သတ်စောင့်ရေးစခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေးစစ်ဆေးမှုတစ်ကြိမ်ဆောင်ရွက်ပေးကာ ရောဂါပိုးမရှိပါက သတ်ဆိုင်ရာ မြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှယနေ့ထိ ပြည်ပနိုင်ငံအသီးသီးမှနေရပ်ပြန်လာသူပေါင်း (၁၂၄၅၆)ဦးရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)