ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေ

ကျိုင်းတုံ မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသိန်းထိုက်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများက ကျိုင်းတုံမြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန်နှင့် ဆောင်ရန်ရှောင်အချက်များကို အသိပညာပေး ပြောကြား ခဲ့ကြကြောင်း သိရသည်။           

 အလားတူ ကျိုင်းတုံမြို့နယ်အတွင်း လူစည်ကားသည့်နေရာများနှင့် ဈေးများတွင် ဈေးရောင်းချသူများ၊ ဈေးဝယ်သူ များနှင့် အပြင်ထွက်သွားလာသည့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင်  ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)