UMFCCI Webinar Series Episode (12) အတွက် ကြိုတင်မေးခွန်းများပေးပို့နိုင်

လမ်းမတော်   ဩဂုတ် 

လမ်းမတော်မြို့နယ်  UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်သွားမည့် UMFCCI Webinar Series: New Beginnings through Renewed Partnerships ကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ အကြံဉာဏ်၊ အတွေးအမြင်၊ အယူအဆများကို တင်ဆက်သွားမှာဖြစ်ပြီး ယခု Episode (12) တွင် ဆွေးနွေးရန် ပါဝင်လာသည့် ပုဂ္ဂိုလ်များမှာ  ဦးသောင်းတင်၊ ဥက္ကဋ္ဌ၊   Myanmar Digital Economy Association    ဦးမင်းဇေယျာလှိုင်၊ ဥက္ကဋ္ဌ၊    မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဦးဝေဖြိုး ၊ ဒုတိယဥက္ကဋ္ဌ၊   မြန်မာနိုင်ငံ ကုန်သည် များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်  ဦးအေးချမ်း ၊ ဥက္ကဋ္ဌ၊ E-commerce Association တို့ ဖြစ်သည်။

ဒီအစီအစဉ်မှာတော့ Moderator အဖြစ် ဒေါက်တာထွန်းသူရသက်၊ အဖွဲ့ဝင်၊ Digital Economy Development Committee (DEDC)မှ ပါဝင် ဆောင်ရွက် သွားမှာဖြစ်သည်။ ယခုဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ် စနစ်ကူးပြောင်း ရာတွင် ရရှိမည့် အခွင့်အလမ်းများနှင့် တွေ့ကြုံရမည့် စိန်ခေါ်မှု များ၊ IR 4.0 နည်းပညာ ရပ် များ၊ ၊ E Commerce ဝန်ဆောင်မှုများ၊ နည်းပညာအထောက်အပံ့များနှင့် အကျိုးကျေးဇူးများတို့ကို ဆွေးနွေး သွားမှာ ဖြစ်ပြီး ပါဝင်ဆွေးနွေးပေးမည့် ပုဂ္ဂိုလ်အား မေးမြန်းလိုတဲ့ အချက်အလက်များ၊ မိမိတို့ရဲ့ အတွေးအမြင်၊ အယူအဆများ၊ အကြံပြုလိုသည်များနှင့် မေးမြန်း လိုသည်များရှိပါက ၁.၉.၂၀၂၀ ရက် (အင်္ဂါနေ့ ညနေ - ၄:၀၀ နာရီ) အထိ pr@umfcci.com.mm Public Relations Department သို့ ပေးပို့နိုင်ပြီး ဖော်ပြထားတဲ့ ထုတ်လွှင့်ရက်နှင့် အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်