ရွာငံမြို့နယ်တွင် ရာသီအလိုက်ပွင့်သော သစ်ခွပန်းများ စျေးကောင်းရရှိ

ရွာငံ မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် နှစ်ရှည်ပန်းပင်ဖြစ်သော သစ်ခွတစ်မျိုးဖြစ်သည့် အာမဲဝါပန်းများ လှိုင်လှိုင်ထွက်ရှိရာမှ မိသားစုအပိုဝင်ငွေရရှိကြသည်။ သစ်ခွအာမဲဝါပန်းမျိုးများကို ရွာငံမြို့နယ်အတွင်းရှိ တောင်တန်းများတစ်လျှောက်တွင် သဘာဝအတိုင်း တွယ်ကပ်ပေါက်နေသော သစ်ပင်များမှ ရှာဖွေခူးယူကြပြီး ရောင်းချကြသည်။ သစ်ခွအာမဲဝါပန်းများကို မျိုးပွားစေရန် ခြံဝန်းအတွင်းရှိ သနပ်ပင်များတွင် တွယ်ကပ်၍ ပြန်လည် မျိုးပွားစိုက်ပျိုးကြသည်။ သစ်ခွအာမဲဝါပန်းပင်များသည် နှစ်ရှည်ပင်တစ်မျိုးဖြစ်ပြီး ရွာငံဒေသ ရာသီဥတုနှင့်ကိုက်ညီကာ မျိုးပွားမြန်၊ အပင်ပွားမြန်လှသည်။ ယခုအခါတွင် သစ်ခွအာမဲဝါပန်း များကို ကျောက္ကူပြင်၊ သစ်ဆေးပင်၊ ကျောက်တောမြောက်၊ ပယ်ကင်း၊ လင်းဝေး၊ သဖန်းပင်နှင့် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် မိမိတို့အိမ်ခြံများနှင့် အလှပန်းများအဖြစ် အများအ ပြား စိုက်ပျိုးလာကြသည်။ ထွက်ရှိလာသော သစ်ခွအာမဲဝါပန်းများကို ရေဦးစျေး၊ ရွာငံစျေး၊ မြိုင် စျေး၊ မြင်းကျဒိုးစျေး၊ အောင်ပန်းစျေးနှင့် တောင်ကြီးမြို့သို့လည်းကောင်း၊ ပွဲစားများမှတစ်ဆင့် မန္တလေး၊ ကျောက်ဆည်စသည့်မြို့များသို့ တင်ပို့ရောင်းချကြသည်။ သစ်ခွအာမဲ(၁၀)ပင်ပါ တစ် စည်းလျှင် နှစ်ထောင်ကျပ်ရောင်းချရသောကြောင့် အာမဲဝါပန်းများလှိုင်လှိုင်ပွင့်နေချိန်တွင် မိသားစု အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)