တွံတေး မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦး စီးဌာနအနေဖြင့် ၂၀၂၁ - ၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် တွံတေးမြို့နယ်အတွင့်း ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်း(၄)ခု၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်း(၅)ကို ရေချိုရေကောင်းရေသန့်များရရှိရေး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တွံတေးမြို့နယ်တွင် ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၅)အုပ်စု၊ ကျေးရွာပေါင်း(၂၃၅) ရွာတွင် လဦးရေနှစ်သိန်းကျော် နေထိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ကျေးလက်နေပြည်သူများ သန့်ရှင်းသောရေချိုရေသန့် သောက်သုံးရေများရရှိနိုင်ရန်အတွက် တွံတေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းတွင် အိမ်ခြေ(၁၄၄)အိမ်၊ လူဦးရေ (၆၅၀)ရှိသော ကျွန်းဘက်ကျေးရွာတွင်သန့်ရှင်းသော ရေချိုသောက်သုံးရေရရှိရေးအတွက် မြေအောက်ရေ စက်ရေတွင်းတူးဖော်ခြင်းတွင် (၄.၅”-ပေ၃၀၀ အနက်)ကို ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက်လည်းကောင်း၊ အိမ်ခြေ(၁၁၇)၊ လဦးရေ (၄၅၈)ဦးရှိ ကညွှတ်ကုန်းကျေးရွာတွင် ရေကောင်းရေသန့်ရရှိရေးအတွက် ရေကန်ခြံစည်းရိုး အရှည်ပေ (၇၁၀)ပေ၊ အမြင့်(၅)ပေ ကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းအတွက် အိမ်ခြေ(၂၂၇)အိမ်၊ လူဦးရေ (၁၀၅၈)ဦးရှိ ကြည်တန်း ကျေးရွာတွင် ရေချိုရေသန့် သောက်သုံးရေဖူလုံစေရန်အတွက် မြေသားကန် အနက်နှိုက်ခြင်း (ပေ ၁၂၀× ၁၂၅ပေ×အနက်၃ပေ)အားလည်းကောင်း၊ အိမ်ခြေ(၃၈၁)၊ လူဦးရေ(၁၆၅၈)ဦးရှိ ပိတ်စွယ်ကျေးရွာတွင် ရေချိုရေသန့်သောက်သုံးရေ ထိန်းသိမ်းနိုင်ရန်အတွက် ရေကန်ခြံစည်းရိုး ကာရံခြင်းရေကန်(၂)ကန်(အရှည်ပေ၇၀၅၊ အရှည်ပေ၆၀၅ပေ၊ အမြင့် ၅ ပေအားလည်းကောင်း၊ အိမ်ခြေ(၂၁၅)အိမ်၊ လူဦးရေး (၉၄၀) ရှိ အိုင်ကြီးကျေးရွာတွင် ရေကန်ခြံစည်းရိုးကာရန်ခြင်း အရှည်ပေ( ၇၂၀)၊အမြင့်၅ ပေအားလည်းကောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောရေချိုထိန်းသိမ်းရေးနှင့် ရေကောင်းရေသန့် သောက်သုံးရေများရရှိစေရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်း (၉)ခုကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
တွံတေးသား