(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သဲသောင်ပြင် အမျိုးသား/အမျိုးသမီး ဘောလီ ဘော ပြိုင်ပွဲကျင်းပ

မော်လမြိုင်  မတ် ၁၇

၂၀၂၂ ခုနှစ်၊ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် သဲသောင်ပြင် အမျိုးသား/ အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကမ်းနားလမ်း သဲသောင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ အဆင့်မီ အရည်အသွေးရှိသော ထူးချွန်ထက်မြက်သည့်အားကစားသမားကောင်းများပေါ်ထွက် လာစေရန်၊တစ်မျိုးသားလုံး  ကျန်းမာ ကြံ့ခိုင်ရေးအတွက်  အားကစားလှုပ်ရှားမှုကို  စိတ်ပါဝင်စားလာရန်၊ အားကစားနည်း များအလိုက်  စိတ်ပါ ဝင်စားပြီး၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်   ပြည်နယ်၏ ဂုဏ်ကို  တန်ဖိုးထားကာကွယ်ထိန်းသိမ်းတတ်စေရန် စသည့်ရည် ရွယ်ချက်များဖြင့်  အားကစားပြိုင်ပွဲ များကို ပြုလုပ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ  ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများနှင့် ဌာနဆိုင်ရာများမှ အားကစား ဝါဒနာရှင်တို့ကသဲသောင်ပြင်ဘော်လီဘော ပြိုင်ပွဲတွင် အမျိုးသား (၁၀)သင်း၊ အမျိုး သမီး (၁၀)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်