မိုးကောင်းမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ် အမည်စားရင်းများကို မြို့နယ် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာကပ်ထား

မိုးကောင်း  ဩဂုတ် ၃၀

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင်ကျင်းပမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် မိုးကောင်း မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်ေလာင်း အမည်စားရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာကပ်ထား ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစာရင်း၌ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း(၆)ဦး၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆)မှ ကိုယ်စားလှယ်လောင်း(၆)ဦး၊ မိုးကောင်း မြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)မှ ကိုယ်စားလှယ်လောင်း(၈)ဦး၊ မဲဆန္ဒနယ်(၂)မှ ကိုယ်စား လှယ်လောင်း(၇)ဦး၊ ‌ဗမာတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း(၇)ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၈)ဦး၊လီဆူတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း(၈)ဦး၊ ရဝမ်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)