မော်လမြိုင်မြို့ သမိုင်းဝင် ကျက်သရေဆောင် ဆံတော်ရှင် ဦးဇိနစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်

မော်လမြိုင် မတ် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဦးဇိနစေတီတော်ရင်ပြင်ရှိ ဝေဿန္တရာတန်ဆောင်ဓမ္မာရုံ၌ မော်လမြိုင်မြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ဦးဇိနစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဦးဇိနစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်မင်္ဂလာပွဲ အခမ်းအနားကို ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ကိုကိုမောင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်ကြီးများနှင့် တက်ရောက်လာကြသူများမှ နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဘဒ္ဒန္တကောသလ္လထံမှ ဧည့်ပရိတ်သတ်များက (၉)ပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား ဆံတော်ရှင် ဦးဇိနစေတီတော် ဂေါပကဥက္ကဋ္ဌ  ဦးသိန်းအောင်က ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်တို့အား ဆက်ကပ် လှူဒါန်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူခဲ့သည်။

ထို့နောက် ကျက်သရေဆောင် ဆံတောင်ရှင် ဦးဇိနစေတီတော်မြတ်ကြီး၏ ဌက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘုရားဒါယကာ၊ ဒါယိကာမများမှ ဆံတော်ရှင် ဦးဇိနစေတီတော် မြတ်ကြီး၏ စိန်ဖူးတော်နှင့် ဌက်မြတ်နားတော်အား ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ်သုံးပတ်ပတ်ကာ စိန်ဖူးတော်နှင့် ဌက်မြတ်နားတော်အား ပန်းရထားဖြင့် ပင့်‌ဆောင်ရာတွင် ဆရာတော်ကြီးများမှ (ဇယမင်္ဂလာ) အောင်ဂါထာတော်များ ရွတ်ဖတ်ပူဇော် တင်လှူခဲ့ကြသည်။

ထို့နာက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အလှူရှင်များမှ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ပြီး ဆရာတော် ဘဒ္ဒန္တဝိမလထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  အခမ်းအနား ပြီး‌မြောက်ခဲ့သည်။

အဆိုပါကျက်သရေဆောင် ဦးဇိနစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ငှက်ပျောဖူး တော်တို့တွင် အလှူရှင်များက လှူဒါန်းမှုဖြင့်  (၉)လက်မ ပတ်လည် (၁) ကျပ်သား ရွှေစင်၊ ရွှေပြား (၄၅၀) ချပ်နှင့် ထီးတော်၊ ကြာမှောက် ကြာလန်၊ ဖောင်းကိုးရစ်၊ ပန်းဆွဲ၊ ခေါင်းလောင်းတို့တွင် (၂) လက်မ ပတ်လည် ရွှေဆိုင်း (၂၈၀၀)ဆိုင်း ကပ်လှူပူ ဇော်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)