ညောင်ဦး မတ် ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ယမန်နေ့က မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ ဧည့်သည်များ ဖြင့်စည်ကားနေကြောင်း ရွှေစည်းခုံဘုရား ဂေါပက ရုံးအဖွဲ့မှူး ဦးသန်းမြင့် ဦးထံကသိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီ၊ ပုထိုး၊ သာသနိကအဆောက် အအုံများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အနှံ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ သည့်ဧည့်သည်များ၊ များပြားလျက်ရှိနေပြီး ရွှေစည်းခုံဘုရားကြီး ဧည့်မှတ်တမ်းများအရ ဘုရားဖူးဧည့်သည် ၃၅၀၀ ဦးဝင်ရောက်ဖူးမြှော် ကြကြောင်းသိရသည်။ ပုဂံ-ညောင်ဦးရှေး ဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဂေါပကအဖွဲ့ထားရှိသည့် ရွှေစည်းခုံစေတီ၊ လောကနန္ဒာ စေတီ၊ တုရင်တောင် စွယ်တော်မြတ် စေတီ၊ ထီးလိုမင်းလိုဘုရား၊အလိုတော်ပြည့်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ရွှေဆံတော်စေတီ တော်မြတ်ကြီး၊ မြစေတီ၊ မနုဟာဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ပြဿကြီး ဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ဓမ္မရံကြီး၊ စူဠာမ ဏိ၊မဟာဗောဓိဘုရား၊ ဓမ္မရာဇကဘုရား၊ ကန်တော့ပလ္လင်ဘုရား အစရှိသည့် သမိုင်းအထင် ကရတန်ခိုးကြီးဘုရားများအပြင် ရင်မနား ဘုရားဝင်း၊ဥပါလိသိမ်၊ ခေမင်္ဂဘုရားဝင်း၊ စိမ်းညှက်ညီအမဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ ဝတ္တနထောဘုရား၊ ဆူးလေကုန်းဘုရားတို့တွင်လည်း မြန်မာပြည်အရပ်ရပ်မှဘုရားဖူးများ လာရောက်ဖူးမြှော်ကြကြောင်း၊ ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် လာရောက်ဖူးမြှော်ကြခြင်း၊ အီးဗိုက်စီး၍ အဖွဲ့လိုက်ဘုရားဖူးမြှော်ကြခြင်း၊ မြင်းလှည်းစီး၍လှည့်လည်ဖူးမြှော် ကြခြင်းများရှိ ကြရာ ဒေသခံများလည်း တပေါင်း လပြည်နေ့တွင် ဝင်ငွေတွက်ခြေကိုက်ကြကြောင်း သိရပြီး တပေါင်းလပြည့်နေ့ အခါကြီးရက်ကြီးနေ့တွင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာဧည့်သည်များဖြင့် စည်ကားနေကြောင်း၊ ဂေါပကအဖွဲ့ ထားရှိသည့် ဘုရား(၁၉)ဆူတွင် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက် များဖြင့် ဝင်ရောက်ဖူးမြှော်စေ ကြောင်း ထီးလိုမင်းလိုဘုရား ဂေါပကဥက္ကဋ္ဌ ဦးတင်လှဦးကပြေကြား၍ သိရသည်။
ကိုထိန်၊KPD