တံတားဦး ဩဂုတ် ၃၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှသည့် ဟံသာဝတီကျေးရွာအုပ်စု မြောက်ဈေးကြီးရပ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တိုင်း ဒေသကြီး ဦးစီးမှူးမှ စစ်ဆေးကြောင်း သိရသည် ။
အဆိုပါ စစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများ ကျေးရွာလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များလိုက်ပါပြီး စစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူးမှ မိမိတို့ ဦးစီးဌာန အနေဖြင့် ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများ ၊ ဆောက်လုပ်ရေး လုပ်ငန်းများကို စီမံကိန်း ကာလနှင့် ဆောင်ရွက်သည့်ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ကြရန် လိုကြောင်း ၊ ယခုဆောင်ရွက် သော ဟံသာဝတီကျေးရွာအုပ်စု မြောက်ဈေးကြီးရပ်တွင် ကျောက်ရောမြေလမ်းခင်းခြင်းနှင့် ရေတားတမံဆောင်ရွက်မှုတို့မှ ရေရှည်တည်တံ့ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး အလုပ်သမားများအနေဖြင့် လုပ်ငန်း ခွင်တွင် ဘေးအန္တရာယ်မဖြစ်စေရေး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျ ဆောင်ရွက်ရေးတို့ကို ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက လုပ်ငန်းခွင်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြ ဆွေးနွေးခဲ့သည် ။
ဟံသာဝတီကျေးရွာအုပ်စု မြောက်ဈေးကြီးရပ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျောက်ရောမြေလမ်းမှာ အလျား ၈၅၀ ပေ အကျယ်(၁၂) အမြင့် (၆)လက်မ ၊ရေတားတမံ တည်ဆောက်မှုမှာ အလျား ပေ(၃၀၀) အကျယ် (၆) ပေ ၊ အမြင့် (၃)ပေဖြင့် စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်း ထံမှသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)