လမိုင်း မတ် ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ကျိုက်ကေလာသတန်ခိုးကြီးစေတီ၏ ပွဲတော်ရပ်ဖြစ်သည့် တပေါင်းလပြည့်နေ့တွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများစွာ လာရောက်ဖူးမြော် စည်းကားလျက်ရှိပါသည်။
လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါသိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ် ယူနိုင်ကြစေရန် ကျိုက်ကေလာသ တန်ခိုးကြီးဘုရားပုထိုးစေတီတွင် ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ကာ ရဟန်းရှင် လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပွဲများပြုလုပ်ပြီး ကုသိုလ်ကောင်းမှု ဆောင်ရွက်မှုများရှိသကဲ့သို့ မြန်မာလူမျိုးတို့၏ ရိုးရာယဥ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီး၊ နေ့ထူးနေ့မြတ်များတွင်လည်း ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒိ သာများဖြင့် ဘုရားပုထိုးစေတီတော်ရင်ပြင်၌ ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသည်။
ဖြူဖြူအေး(ပြန်/ဆက်)