မှော်ဘီ ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့ နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှု အောက်တွင် ရှိသည့် မြောင်းတကာကျေးရွာစျေးတွင် စျေးရောင်း၊ စျေးဝယ်ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ် ပေါ်စေရန်အတွက် အသိပညာပေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်း က ပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ရာတွင် စျေးရောင်း၊စျေးဝယ် ပြည်သူများ နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကျန်းမာရေး သတိပေးချက်များနှင့်အညီ တိတိကျကျ လိုက်နာရန်တို့ကို အသံချဲ့စက်ဖြင့်ဆော်ဩခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့်ဝေခြင်းများကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်အတူကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ စျေးကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)